နွားထိုးကြီး ဇူလိုင် ၅
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ၂၀၂၂- ၂၀၂၃ ခုနှစ် မိုးနေကြာ မျိုးစေ့ထုတ် (၅၀)ဧက စိုက်ပျိုးသော ကျေးရွာ (၅)ရွာမှ တောင်သူ(၂၀)ဦးနှင့် ဝန်ထမ်းများအား နေကြာသီးနှံ မျိုးစေ့ထုတ် နည်းပညာပေးသင်တန်းကို ယနေ့ နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဒေါ်ခင်ထားနွယ်မှ ဌာန၏ မူဝါဒနှင့်လုပ်ငန်းဆောင်ရွက်ချက်များကိုရင်လင်းဆွေးနွေးပြီး၊မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါက်အိအိသိမ့်က နေကြားသီးနှံတွင် အသုံးပြုရမည့်ဓာတ်မြေဩဇာများ၊ သဘာဝမြေဩဇာမျာကိုလည်းကောင်း၊ နေကြာသီးနှံတွင်ကျရောက်တက်သော ရောဂါဖြတ်ပိုးများနှင့် မိတ်ဆွေပိုးများကိုအ ကြောင်းကို ပိုးမွှားရောဂါ တာဝန်ခံဒေါ်နီနီဝင်းမှ ရှင်းလင်းပြီးနေကြာသီးနှံ အထွက်နှုန်းတိုးတက်မြင့် မားရေး ဆိုင်ရာနည်းစနစ်များ၊ မျိုးကွဲများနှင့် မျိုးစေ့အရည်အသွေး လက္ခဏာများ၊ GAP နည်းစနစ်ဆိုင်ရာများကို သက်ဆိုင်ရာတာဝန်ခံများမှင်းရှင်းလင်းဆွေးနွေးခဲ့ကြသည်.
နေကြာသီးနှံ မျိုးစေ့ထုတ်နည်းပညာသင်တန်းကို မိုးနေကြာစိုက်ပျိုးသောကျေးရွာ(၅)ရွာမှ တောင်သူများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်(ပြန်/ဆက်)