ကျောက်မဲ ဇူလိုင် ၅
(၂၀၂၂) ခုနှစ်ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့်(၇၅) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၁၀) နာရီ အချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲတွင် မူလတန်းအဆင့်ကို "အစဉ်မမေ့ အာဇာနည်နေ့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ကို "သွေးစည်းချစ်ကြည်အာဇာနည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်ကို "ဇာနည်အဓိဌာန်ပြည်ဗိမာန်" ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်စေခဲ့ကြောင်း၊ ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသားကျောင်းသူများ အနေဖြင့် ပေးထားသည့် ခေါင်းစဉ်ဖြင့် ဆောင်းပါး သို့မဟုတ် ကဗျာရေးစပ်ခြင်းကို ရွေးချယ် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် မူလတန်းကျောင်းသား/ကျောင်းသူ (၁၄) ဦး၊ အလယ်တန်း ကျောင်းသား/ကျောင်းသူ (၃၀) ဦး၊ အထက်တန်း ကျောင်းသား/ကျောင်းသူ (၁၈) ဦး စုစုပေါင်း (၆၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)