ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် တောင်ကြီးမြို့ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး အခြေခံပညာဦးစီးဌာနမှ ပညာရေးမှူးများနှင့် အတူ ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ သူများအားတွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကို အဓိကထားသင်ယူကြရန်လိုကြောင်း၊ လူငယ်များသည် နိုင်ငံ၏အနာဂတ် ခေါင်းဆောင်များ၊ နိုင်ငံအင်အားများဖြစ်၍ အရည်အချင်းနှင့်ပြည့်စုံပြီး အားကိုးအားထားပြုနိုင်သည့်လူငယ်များ ဖြစ်ရန်လိုကြောင်း၊ ပညာတတ်လူတော်လူကောင်းများဖြင့်သာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်၍ ဗလငါးတန်ပြည့်ဝသည့်လူငယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်မှ ပညာရေးကဏ္ဍကို ဘက်ပေါင်းစုံမှ တိုးတက်မှုရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်သည့် လူငယ်များဖြစ်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို အသစ်ဖွင့်လှစ်ပြီး လူငယ်များကျန်းမာကြံ့ခိုင်ရေးနှင့် အသိပညာဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာသင်ချိန်တွင် ပညာရေးကိုသာ စိတ်ဝင်စားပြီး ဆုံးခန်းတိုင်အောင်မြင် ပြီးမြောက်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့်အတိုင်း စည်းကမ်းကောင်းမွန်ပြီး အကျင့်စာရိတ္တကောင်းသော လူငယ်များဖြစ်အောင်ကြိုးစားရန်လိုအပ်ကြောင်း၊ မိဘဆရာများ၏ သွန်သင်ဆုံးမသင်ကြားပြသမှုများကို လေးစားလိုက်နာကျင့်ကြံကြပြီး နိုင်ငံသားကောင်း ရတနာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ဆရာဆရာမများ အနေဖြင့်လည်း မိမိတို့၏တပည့်များကို စာတတ်အောင်သာမက အသိပညာဗဟုသုတ ပြည့်စုံပြီး ဘက်ပေါင်းစုံတွင်ထူးချွန်ထက်မြတ်သည့် သားကောင်းရတနာ အဖိုးတန်လူငယ်များဖြစ်အောင် လေ့ကျင့်သင်ကြားပေးကြပါရန် တိုက်တွန်းမှာကြားခဲ့သည်။

ပူးပေါင်းစစ်ဆေးရေးဂိတ်များ၌ လက်နက်/ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုများတွင် ပါဝင်ခဲ့သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်

ရှမ်းပြည်နယ်အတွင်း ပူးပေါင်းစစ်ဆေးရေးဂိတ်များ၌ လက်နက်/ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုများတွင် ပါဝင်ခဲ့သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မန္တလေးတောင်တော် သာယာလှပရေး ပန်းအလှပင်များ စိုက်ပျိုးပွဲကျင်းပ

မန္တလေးတောင်တော် သာယာလှပရေး ပန်းအလှပင်များ စိုက်ပျိုးပွဲကျင်းပ အောင်မြေသာစံ ဇူလိုင် ၅ မြင့်မော်ထွန်း

ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဖလားရရှိသော ရှမ်းပြည်နယ်အမျိုးသားဘော်လီဘောအသင်းအား ဂုဏ်ပြုချီးမြှင့်

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် ဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဖလား ရရှိခဲ့သော ရှမ်းပြည်နယ်အမျိုးသား ဘော်လီဘောအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုင်းရယ်မြို့နယ် ကျေးရွာအုပ်စုများမှ အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆေးရရှိမှုအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ကျေးရွာအုပ်စု(၆)အုပ်စုမှ အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် တလုပ်ပင်‌ကျေးရွာ၌ Cash For Work စီမံကိန်း ဆောင်ရွက်ရန် စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ည‌နေ(၃)နာရီက တလုတ်ပင်ကျေးရွာဘုန်းကြီး‌ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ် အ.ထ.က(၄)ကျောင်းတွင် "မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး" ဟောပြောပွဲ ကျင်းပ

ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ဇူလိုင် ၄ရက်နေ့က "မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး" ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အတွင်းရှိ ကျောင်းသား/သူ (၄၃၉) ဦး အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ် အတွင်းရှိ အခြေခံပညာ ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာကျောင်းများ၌ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက် ၅နှစ်မှ ၁၂ နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေးခြင်းကို အမှတ်(၇)ရပ်ကွက် အမှတ်(၆) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ယနေ့နံနက် ၉ နာရီက ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to