ခမောက်ကြီးမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း နှင့် မိခင်နှင့်ကလေးကျန်းမာ‌ရေး ပညာပေး

ခမောက်ကြီး   ဒီဇင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင် အသက် ၅ နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်၉နာရီက ခမောက်ကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခမောက်ကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဘက်စုံသားဖွားဆရာမဒေါ်ခိုင်ယမင်းပွင့်က မြို့အတွင်းမှ ကလေးငယ်များအား ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ(ဘီ)ပိုးကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ မေးခိုင်၊ဆုံဆို့၊ကြက်ညှာ၊ ဂျိုက်သိုး၊ဝက်သက်၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးပြီး၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေး၊ကုသမှုများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)