ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း Resourses Venture International Publication မှ (၆) ကြိမ်မြောက် Bagan Race 2024 အပြေးပြိုင်ပွဲကျင်းပ (၁၄၃၀) ဦးပါဝင်ယှဉ်ပြိုင်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း Resourses Venture International Publication မှ (၆) ကြိမ်မြောက် Bagan Race 2024 အပြေးပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီအချိန်က အာနန္ဒာဘုရားကြီးတောင်ဘက် မုခ်မှစတင်၍ တာလွှတ်ကာ Bagan Race 2024 အပြေးပြိုင်ပွဲ ကျင်းပသည်။