ဘားအံ ဒီဇင်ဘာ ၂
ကရင်ပြည်နယ် ဘားအံမြို့နယ် ထုံးအိုင်စံပြကျေးရွာ ယုဇနလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ထုံးအိုင်စံပြကျေးရွာအုပ်ချုပ်ရေးမှူး၌ ကျင်းပသည်။
ဦးစွာ အသင်းဥက္ကဋ္ဌ သဘာပတိ ဦးမင်းမြတ်စိုးက အမှာစကားပြောကြားပြီး ဘားအံမြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်မျိုးမျိုးထွေးက သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အသင်းများ ဆက်လက်ရှင်သန်ဖွံ့ဖြိုးစေမည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင် ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့်နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊ အသင်းစာရင်းစစ်အစီရင်ခံစာများကို ဖတ်ကြားတင်ပြရာ တက်ရောက်လာကြသော အသင်းသားများကသဘောတူကြသဖြင့် သဘာပတိကအတည်ပြုချက်ရယူခဲ့ပြီး တက်ရောက်လာသောအသင်းသားများအား အစုပေါ်အမြတ်ငွေများ၊ စုဆောင်းငွေပေါ်အတိုးများပေးအပ်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)