ထားဝယ်မြို့နယ်အတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ကွင်းဆင်းစိစစ်

ထားဝယ်    ဒီဇင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှုရှိ/မရှိကို တာဝန်ရှိသူများက ယနေ့ ညနေပိုင်းတွင်  ထားဝယ်မြို့အတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စိစစ်ဆောင်ရွက်လျက်ရှိသည်။

ထို့သို့မဲဆန္ဒရှင်ပြည်သူများ၏မဲဆနရှင်စာရင်းတွင်အမည်ပါဝင်မှုရှိ/မရှိကို ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာများအလိုက် Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်းတိုက်ဆိုင်စိစစ်ဆောင်ရွက် လျက်ရှိရာ ထားဝယ်ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။

ငွေဇင်ယော်(ထားဝယ်)