ထားဝယ် ဒီဇင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၈)ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက “ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ ညနေပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လောင်းလုံးမြို့နယ်၊ မေတ္တာမြို့ရုံးမှ ဝန်ထမ်းများက လူစည်ကားရာနေရာများ၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများကို ဝေငှပေးခဲ့သည်။
ငွေဇင်ယော်(ထားဝယ်)