ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပထမအကြိမ်မဲစာရင်းကြေညာခြင်းအတွက် မဲစာရင်း (၃)စုံထုတ်ပေးခြင်းအခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပထမအကြိမ်မဲစာရင်းကြေညာခြင်းအတွက် မဲစာရင်း(၃)စုံထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သီရိမင်္ဂလာသာသနာ့ဗိမာန်တွင် ပြုလုပ်ခဲ့သည်။