ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြည်ကြီးမဏ္ဍိုင်ရပ်ကွက် အတွင်းရှိ ဒေသခံများအနေဖြင့် မြေအောက်ရေကို စနစ်တကျအသုံးပြု၍ နှစ်ရှည်သီးနှံပင်များအပြင် နှစ်တိုပင်များဖြစ်သည့် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်းရာသီမရွေး စိုက်ပျိုးလုပ်ကိုင်ကြရာ မိသားစုစားနပ်ရိက္ခာ ဖူလုံမှုရှိသည့်အပြင် အပိုဝင်ငွေရရှိကြောင်းသိရသည်။
ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်းရှိ ဒေသခံများသည် တစ်နိုင်တစ်ပိုင်အဖြစ် ဟင်းသီးဟင်းရွက်စားပင်သီးနှံများစိုက်ပျိုးရာ၌ သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းအစား စားနပ်ရိက္ခာဖူလုံမှုအပြင်အပိုဝင်ငွေ ရရှိရေးအတွက်သီးထပ်သီးညှပ်အဖြစ် ကန်စွန်း၊ ဆလပ်၊ ပဲတောင့်ရှည်၊ ဘူး၊ ငရုတ်၊ ခရမ်းနှင့် ချဉ်ပေါင်ပင်များကိုရောနှော စိုက်ပျိုးကြကြောင်း သိရသည်။
ယခုအခါ ငရုတ်သီးစိမ်း ရှားပါး၍ နို့ဆီဘူး(၁)ဘူးလျှင် (၃၀၀၀)ကျပ်အထိ ရရှိကြောင်း ငရုတ်သီး စိမ်းစိုက်ပျိုးသူတစ်ဦးထံမှသိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)