ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာ၌ သောက်သုံးရေဖူလုံစွာရရှိရေး ရေစက်ရုံနှင့် စင်မြင့်ရေစင် ဆောက်လုပ်ပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်များအား ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဥယျာဉ်ကျေးရွာ၌ သောက်သုံးရေ ဖူလုံစွာရရှိရေး ရေစက်ရုံနှင့် စင်မြင့်ရေစင်တစ်ခု ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။