ကျိုက်မရောမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ကျိုက်မရော   ဇူလိုင် 

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြူဗဟိုဌာနတွင် စာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်း Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးသူ ဒေါက်တာ (သိန်းလွင်)ကလေးတွေကျောင်းမှာ အောင်မြင်ဖို့ နည်းလမ်းများစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာရေးဆရာဒေါက်တာ သိန်းလွင်၏ ကလေးတွေကျောင်းမှာ အောင်မြင်ဖို့နည်းလမ်းများစာအုပ်ထဲမှ အမူအကျင့်ကောင်းတွေကို အသိအမှတ်ပြုပါ စာပိုဒ်မှ အချက်အလက်များကို Book Club အဖွဲ့ခေါင်းဆောင် ဒေါ်ယဉ်မင်းလတ်က ဆွေးနွေးပြီး မိဘများရဲ့မျှော်လင့်ချက်စာပိုဒ်ကို Book Club အဖွဲ့ဝင် ဒေါ်မိမိက ဆွေးနွေးကာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော ဆရာမများနှင့် စာဖတ်သူများက စာအုပ်ထဲမှ ကောင်းနိုးရာရာ စာပိုဒ်များကို အချင်းချင်းအပြန်အလှန်ဆွေးနွေး၍ အသိချင်းဖလှယ်ကာ မိမိတို့ကြိူက်နှစ်သက် သောစာပိုဒ်များကို တစ်ဦးချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)