ကျိုက်ထိုမြို့နယ်တွင် မျက်စိအခမဲ့စစ်ဆေးပေးပြီး မျက်မှန်အခမဲ့လှူဒါန်း

ကျိုက်ထို ဇူလိုင် ၉

ကျိုက်ထိုမြိုနယ်တွင် ပြည်နယ်ပြည့်သူ့ကျန်းမားရေးဉီးစီးဌာန၏ ဦးဆောင်မှုဖြင့် မရှိ၍မလင်းသူ မရှိစေရအစီအစဉ်ဖြင့် ကျိုက်ထို မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် (၉) နာရီမှ စတင်ကာ မျက်စိဝေဒနာရှင်များကို အခမဲ့စစ်ဆေးပေးခဲ့သည်။

ယင်းသို့ စစ်ဆေးမှုအားမွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏မရှိ၍ မလင်းသူမရှိစေရ ဆောင်ပုဒ်နှင့်အညီ  Good Vision Glasses ရွှေမျက်မှန်ပရဟိတအသင်းတို့ ပူးပေါင်းပြီး အခမဲ့ မျက်စိပါဝါစမ်းသပ်ပေးကာ One Dollar Glasses မျက်မှန်များအား မိုးရာသီလှူဒါန်းမှုအဖြစ် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ မျက်စိအခမဲ့ စမ်းသပ်ပေးမှုအား ဇူလိုင်(၈)ရက်နေ့ စစ်ဆေးပေးရာ  မျက်စိစစ်ဆေးမှု အခြေအနေ လာရောက်စစ်ဆေးသူ (၂၁၈) ဦးရှိပြီး မျက်မှန်တပ်ဆင် ရသူ (၂၁၆) ဦး ရှိသည့်အပြင် အတွင်းတိမ် (၁၆) ဦး၊ ရေတိမ် (၁) ဦးအား စစ်ဆေးတွေ့ရှိရ၍ အတွင်းတိမ်နှင့် ရေတိမ်ရောဂါရှိသူများကို အခမဲ့​ခွဲစိတ်ကုသပေးရန်အတွက် ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)