ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ခြင်းအကျိုးကျေးဇူးဆိုင်ရာ အသိပညာပေး (Talk Show)ကျင်းပ

ငါးသိုင်းချောင်း ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့၊ မွန်းလွဲပိုင်းက စာ‌ပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများနှင့် ဒို့ကျေးရွာဂျာနယ်ဖတ်ရှုသူ ပရိတ်သတ်များ၏ ဆွေးနွေးပွဲ (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ (Talk Show)အစီအစဉ်၌ မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက စာပေလေ့လာဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများနှင့် ဒို့ကျေးရွာဂျာနယ်မှ ပေးစွမ်းသည့် အသိပညာဗဟုသုတအကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ရာ အခြေခံပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (အငြိမ်းစား)ဆရာကြီး ဦးမောင်မောင်တိုးက စာပေလေ့လာဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများ၊ အများပြည်သူ၊ ကျေးလက်နေပြည်သူများသို့ ဒို့ကျေးရွာဂျာနယ်မှတစ်ဆင့် အသိပညာဗဟုသုတ ဖြန့်ဝေပေးနိုင်မှုအခြေအနေနှင့် ကဏ္ဍစုံလင်စွာ ဖော်ပြထားရှိသည့်အခြေအနေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အများပြည်သူသို့သုတ/ရသ စာပေများစုစည်းဖော်ပြပေးနိုင်မှုများကို ဆွေးနွေးခဲ့ပြီး အဆိုပါ(Talk Show)အစီအစဉ်ကို အများပြည်သူအသိပညာဗဟုသုတရရှိနိုင်ရန် online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူအရွယ်သုံးပါးမ‌ရွေးအသိပညာ၊ အတတ်ပညာ၊ ဗဟုသုတရရှိစေမည့်၊ အကျိုးပြုစေမည့် ပြပွဲ၊ ပြိုင်ပွဲများ၊ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများအပြင် ကျေးလက်နေပြည်သူများအတွက် စာပေ အသိအမြင်ဗဟုသုတအစဥ်မပြတ်ရရှိ‌နေစေရန် ဒို့ကျေးရွာဂျာနယ်ကို လစဉ်နှစ်ကြိမ် ပုံမှန်ထုတ်ဝေလျက်ရှိရာ ကျေးလက်နေပြည်သူများ လက်ဝယ်အရောက်ဖတ်ရှုနိုင်ရန်ကိုလည်း ဌာနမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့ပြန်/ဆက်ဦးစီးဌာနဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)