ပွင့်ဖြူမြို့နယ်၌ တောင်သူအစုအဖွဲ့များ စုပေါင်း၍ နှမ်းသီးနှံစုပေါင်းရောင်းချပွဲပြုလုပ်၊ နှမ်းဈေးကောင်း၍ ဒေသခံတောင်သူများ ပြုံးပျော်ရွှင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာတွင် တောင်သူအစုအဖွဲ့များ စုပေါင်းကျင်းပပြုလုပ်သည့် နှမ်းသီးနှံစုပေါင်းရောင်းချပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ နှမ်းများဈေးကောင်းရရှိ၍ ဒေသခံတောင်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေပြီး လာရောက်ရောင်းချသည့် တောင်သူများ စည်ကားလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ ဒေသခံတောင်သူများက ပြောသည်။

မင်းလှမြို့နယ်၌ ရှမ်းတပ်နယ်မြေမီးသတ်စခန်း အဆောက်အဦဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင်         ရှမ်းတပ်နယ်မြေမီးသတ်စခန်း အဆောက်အဦဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်  ၁၀ နာရီက ရှမ်းတပ်ကျေးရွာ မီးသတ်နယ်မြေစခန်း မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ  အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ရောက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေး ဆောင်ရွက်ခဲ့သည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားရေးရာ စာပေနှင့် ယဉ်ကျေးမှုအသင်း၏ (18' × 45') နှစ်ထပ် RC အသင်းရုံး ဆိုင်းဘုတ်တင်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက်(၈)လမ်းတွင် ကရင်တိုင်းရင်းသားရေးရာစာပေနှင့်ယဉ်ကျေးမှုအသင်း၏ (18' × 45') နှစ်ထပ် RC အသင်းရုံ

ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း သန့်ရှင်းသာယာလှပစေရန် ကိုကိုးကျွန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းတွင် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခင်မောင်ဝင်းနှင့် စည်ပင်ဝန်ထမ်းများမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊

စဉ့်ကူးမြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ပုံပြောပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ပုံပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to