ကျိုင်းလပ်မြို့တွင် ရေဆင်း(၁) စပ်မျိုးနေကြာများကို စမ်းသပ်ကွက်ဖြင့် စတင်စိုက်ပျိုးထားရှိ

ကျိုင်းလပ် ဇူလိုင် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ အမှတ်(၁)ရပ်ကွက်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးရှေ့၌ ရေဆင်း(၁) စပ်မျိုးနေကြာများကို စမ်းသပ်ကွက်ဖြင့် မေလ ၁၄ ရက်နေ့မှစတင်၍ စမ်းသပ်စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစိုးမင်းအောင်ထံမှ သိရသည်။

အဆိုပါ နေကြာစမ်းသပ်စိုက်ပျိုးထားခြင်းနှင့် ပက်သက်၍ ရေဆင်း(၁) စပ်မျိုးနေကြာများသည် အစေ့စားနေကြာမျိုး မဟုတ်ဘဲ သက်တမ်းရက် ၈၀ မှ ၈၅ ရက်တွင် ရိတ်သိမ်းနိုင်သော ဆီထွက်နေကြာများဖြစ်ပြီး နေကြာမျိုးများ ဒေသရာသီဥတုရေမြေနှင့် လိုက်လျောညီထွေ ကိုက်ညီမှု ရှိ/ မရှိ သိရှိနိုင်ရန် စမ်းသပ်စိုက်ပျိုးရခြင်းဖြစ်ပြီး စမ်းသပ်စိုက်ပျိုးခြင်း အောင်မြင်ပါက ဒေသအတွင်း စားသုံးဆီဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် နေကြာများကို ဆီထွက်သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစိုးမင်းအောင်က ပြောကြားသည်။

ကျော်ဇေယျာလင်း(ပြန်/ဆက်)