ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက စပါးသီးနှံအထွက်နှုန်းတိုးပွားရေး မျိုးစေ့ချစက်ဖြင့် မျိုးစေ့ချခြင်း လုပ်ငန်းများ ဆောင်ရွက်ပေး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် စပါးသီးနှံ အထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် မျိုးစေ့ချစက်ဖြင့် မျိုးစေ့ချခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။