ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ တိရစ္ဆာန်အစာ နေဗီယာမြက်ကို ခြံစည်းရိုးများတွင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ကာ နွားစာအတွက် ဖူလုံလာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများ တိရစ္ဆာန်အစာ နေဗီယာမြက် စိုက်ပျိုးခြင်းများအား ယာခင်းခြံစည်းရိုးတလျှောက်၊ ငှက်ပျောခြံ ခြံစည်းရိုးနှင့် နေအိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးထားကြပြီး နေဗီယာမြက်များ အောင်မြင်ဖြစ်ထွန်းကာ နွားစာ အတွက် ဖူလုံမှုရှိလာကြောင်း နတ်ကျို့အိုင်ကျေးရွာ တောင်သူ ဦးတင်ဝင်းထံက သိရသည်။