ရွာငံ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရွာငံမြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် စီမံကိန်းဆိုင်ရာ ဌာနလုပ်ငန်းများအား အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရာတွင် ဌာန တစ်ခုနှင့်တစ်ခု ချိတ်ဆတ်ကာ ဦးစားပေးလုပ်ငန်းများရွေးချယ်ပြီး စုပေါင်းသွားရောက်ကြရန်၊ နိုင်ငံ့ဝန်ထမ်းများပီသစွာနေထိုင်ကြပြီး ဌာနလုံခြုံရေး၊ မိမိလုံခြုံရေးများကို အသိ၊ သတိဖြင့် ပေါင်းစပ်ကာ ဆောင်ရွက်သွားရန်တို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ရွာငံမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံနေရသည့်လူနာများနှင့်ဆေးကုသခံယူနေသည့် လူနာများအား ရင်းနှီးစွာ နှုတ်ခွန်းဆက်အားပေးစကားများပြောကြားကာ ဆေးရုံအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အာဟာရဒါနအတွက်အလှူငွေများပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီးက လက်ခံရယူခဲ့ကြောင်းသိရသည်။
ရွာငံ (ပြန်/ဆက်)