ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပခုက္ကူမြို့နယ်၊ နုံးပို့ကျေးရွာရှိ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ပြိုကျပျက်စီး
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ နုံးပို့ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးသည် ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးတိုက်စားမှုကြောင့် ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မြစ်ရေထဲသို့ ပြိုကျပျက်စီးခဲ့ကြောင်း ကျေးရွာဒေသခံတွေထံက သိရသည်။