လှည်းကူး ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၂)နာရီက လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာ ရပ်ကွက်၌ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက လက်ဝယ်အရောက် ကွင်းဆင်း၍ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် တာဝန်ရှိသူတို့က သာသနာ့ရိပ်သာရပ်ကွက်အတွင်းရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား၂၀၂၂ -၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်အတွက် နိုင်ငံတော်မှ ထောက်ပံ့သည့်လူမှုရေးပင်စင် တစ်ဦးလျှင်ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် အဘိုး/အဘွား(၇၁)ဦးထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)