ဇီးကုန်း ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား သီရိပျံချီဦးဉာဏ်ဝင်း+ဒေါ်မြင့်မြင့်စိုး မိသားစုတို့က ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နေ့လည် ၁ နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားအား အ.ထ.က(ဇီးကုန်း)မှ ကျောင်းသား၊ ကျောင်းသူ လေးများက “ပြည်မြန်မာသီချင်း”ဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် သီရိပျံချီဦးဉာဏ်ဝင်းက အမှာစကားပြောကြား၍ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက ပညာရေးကဏ္ဍဖွင့်ဖြိုးတိုးတက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ၂၀၂၀ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွက် ပဲခူးတိုင်းဒေသကြီး အောင်ချက်အကောင်းဆုံး ပထမဆုနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအား အလှူရှင် သီရိပျံချီ ဦးဉာဏ်ဝင်းနှင့်ဒေါ်မြင့်မြင့်စိုး တို့က ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များကို ချီးမြင့် ပေးအပ်ခဲ့သည်။ ဆက်လက်၍ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် စာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ(၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ(၂၉)ဦးနှင့်၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် စာမေးပွဲတွင် (၄)ဘာသာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ(၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ(၂၉)ဦး၊ (၂)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ(၂၉)ဦး တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲ များက ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို ကျောင်းသား၊ ကျောင်းသူ များအား ချီးမြင့်ပေးအပ်ခဲ့ကြသည်။ ထို့နောက် အ.ထ.က(ဇီးကုန်း)မှ ကျောင်းသား၊ ကျောင်းသူလေး များက “ဇာတိမာန်” သီချင်းဖြင့် သီဆို၍ ဂုဏ်ပြုခြင်းအခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)