ဆိပ်ဖြူမြို့နယ်တွင် လမြတ်ဝါဆို (ဓမ္မစကြာအခါတော်နေ့ ) အကြောင်းသိကောင်းစရာ အသိပညာပေး TALK SHOW ဆောင်ရွက်

ဆိပ်ဖြူ     ဇူလိုင်    ၁၂

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဗုဒ္ဓနေ့ လမြတ်ဝါဆို(ဓမ္မစကြာအခါတော်နေ့) အကြောင်းသိကောင်းစရာ အသိပညာပေး TALK SHOW အစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်သည်။

အဆိုပါ အသိပေး TALK SHOW အစီအစဉ်ကို  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်များထဲမှ ဗုဒ္ဓမြတ်စွာဘုရားရှင် ဂေါတမမြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့သည် ပဋိသန္ဓေယူသည့်နေ့၊ ဘုရားရှင်သည် လူ့စည်းဇိမ်ဥစ္စာများစွန့်၍ တောထွက်တော်မူသည့်နေ့၊ ဓမ္မစကြာတရားဦးဟောတော်မူသည့် နေ့ထူးနေ့မြတ်များနှင့် တိုက်ဆိုင်သည့် ရက်မြတ်ဖြစ်သည့်အတွက် ဗုဒ္ဓဖြစ်စဉ်သမိုင်းများနှင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ဒါန ၊ သီလကောင်းမှုကုသိုလ် အစုစုတို့ကို မျိုးဆက်သစ်လူငယ်လူရွယ်များ လက်ဆင့်ကမ်းအသိပညာ ဖြန့်ဝေဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍  ဗုဒ္ဓနေ့လမြတ်ဝါဆို(ဓမ္မစကြာအခါတော်နေ့) အကြောင်းသိ ကောင်းစရာ အသိပညာပေး TALK SHOW အစီအစဉ်ကို ဆောင်ရွက် ရခြင်းဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ အသိပညာပေး TALK SHOW အစီအစဉ်ကို စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ဆရာ ဦးဉာဏ်အောင် ပညာရေးအငြိမ်းစားနှင့်၊ ဦးတင်မောင်ထွေးတို့က ဝါဆိုလပြည့်နေ့နှင့် ပတ်သက်သည့် ဗုဒ္ဓဖြစ်စဉ်သမိုင်းအကြောင်းအရာ သိကောင်းစရာများ၊ ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ဝါတွင်းကာလအတွင်း ဆရာတော်သံဃာတော်များကျောင်းသင်္ကန်းများ၌ဝါဆို သီတင်းသုံးရခြင်းသိကောင်းစရာများ၊ ဒေသခံပြည်သူများ ဗုဒ္ဓဘာသာဝင်များက ဝါဆိုလအတွင်း ဝါဆိုသင်္ကန်းကပ် လှူပူဇော်ရခြင်းအကြောင်းအရာနှင့် ကောင်းမှုကုသိုလ်ပြုလုပ်ကြပုံ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)