ငပုတော ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့တွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ စက်သုံးဆီ ရောင်းချသူများအား တရားဝင်လုပ်ထုံး လုပ်နည်းနှင့် အညီ တင်သွင်းရောင်းချမှု ရှိ/မရှိကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပူးပေါင်းအဖွဲ့ဖြင့် ခေါ်ယူဆွေးနွေးခဲ့သည်။
အဆိုပါ ပူးပေါင်းအဖွဲ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်နှင့် အဖွဲ့ဝင်(၂) ဦးသန်းဦးတို့က တရားမဝင် စက်သုံးဆီအရောင်းဆိုင်များတွင် ဖြန့်ဖြူး၊ သိုလှောင်မှု ရှိ/မရှိနှင့် ယစ်မျိုးလိုင်စင်ဆိုင်များအား တရားမဝင်တင်သွင်းမှု၊ သိုလှောင် ထားရှိမှုနှင့် ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ ခေါ်ယူ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်သူ (ငပုတော၊ပြန်/ဆက်)