သာပေါင်း ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအခြေအနေ အား ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပုသိမ်ခရိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇံမှ လာရောက်ကြည့်ရှုစစ်ဆေး အားပေးခဲ့သည်။
သာပေါင်းမြို့နယ်တွင် U-16 အမျိုးသား ဘောလုံး၊ U-18 အမျိုးသမီး ဘောလုံး၊ ပြေးခုန်ပစ် သင်တန်းဖွင့်လှစ် လေ့ကျင့်သင်ကြားနေမှုကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ အားကစား သမားများအား နည်းပြဆရာ ဦးဟိန်းထက်စိုးနှင့် ဦးကျော်စွာလင်းတို့ U-16 အမျိုးသား ဘောလုံးကစားသမား(၄၄)ဦး၊ U-18 အမျိုးသမီး ဘောလုံးကစားသမား (၄၀)ဦး၊ ပြေးခုန်ပစ် အမျိုးသမီး ကစားသမား(၁၃)ဦးတို့ကိုမှ နေ့စဉ် မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ စနစ်တကျ လေ့ကျင့်သင်ကြားနေမှု အခြေအနေများကို ပုသိမ်ခရိုင်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇံမှ အားကစားသမားနှင့် တွေ့ဆုံကြည့်ရှုအားပေးစကား ပြောကြားကာ မြို့နယ်အားကစားမှူး ဒေါ်နီလာဝင်းမှ အားကစားသမားများနှင့် မိတ်ဆက်ပေးပြီး လေ့ကျင့်နေမှု များအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်