မောက်မယ်မြို့နယ်၌ဝါဆိုဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲကျင်းပ

မောက်မယ် ဇူလိုင် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ကကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက နန်းဖတ်ခုမ်စေတီတော်ကျောင်းမှ ပရိယတ္တိပါဒက ကျောင်းကြီးစာသင်တိုက်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ တလျှောက်တွင် ကျင်းပခဲ့သည်။

အဆိုပါ ဝါဆိုဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲတွင် မြို့နယ်စုပေါင်းရုံး ရှေ့၌ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတလျှောက်တွင် ဒေသခံပြည်သူများတို့က မြို့နယ်အတွင်းရှိ မြို့နယ်သံယာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့်သံဃာတော်များ (၁၅၀)ပါးခန့်တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ စည်ကားသိုက်မြိုက်စွာ စေတနာသဒ္ဒါတရား အားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြောင်း သိရသည်။   

စိုင်းမျိုးသန့်(မောက်မယ်)