ဖလမ်း ဇူလိုင် ၁၂
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၅)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများနှင့် အထက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများနှင့် အကြိမ် ပြည့်မထိုးနှံရသေးသူများကို ယမန်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့၊ မြို့တော်ခန်းမဆောင်၌ ထိုးနှံပေးလျက်ရှိရာ ဖလမ်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဖလမ်းမြို့၌ အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများနှင့် ဦးစား ပေးအလိုက် သတ်မှတ်ထားသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ဖလမ်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ယနေ့တွင် ကျား(၇၄)ဦးနှင့် မ(၇၃)ဦး စုစုပေါင်း(၁၄၇)တို့အား ထိုးနှံ ပေးနိုင်ခဲ့သည်။
ကာကွယ်ဆေးကို Phase အလိုက် First Dose၊ Second Dose၊ Booster Dose စသည်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်မထိုးနှံရသေးသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ ကာကွယ်ဆေး မထိုး နှံသူမရှိစေရေး၊ ကာကွယ်ဆေး လာရာက်ထိုးနှံရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီက လူစည်ကားသည့် လမ်းဆုံလမ်းခွ၊ ဈေးနေရာများတွင် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကိုရှိန်း