မောက်မယ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် စတိုးဆိုင်များတွင် စျေးရောင်းချသူ မုန့်ဆိုင်များအား အစားအသောက် ဘေးကင်းလုံခြုံရေးအတွက် စစ်ဆေးအသိပညာပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ စတိုးဆိုင်များတွင် စျေးရောင်းချသူ ပြည်သူများ အစားအသောက် ဘေးကင်းလုံခြုံရေးအတွက် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ် အ‌ခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် မိုးရာတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာရေးလုပ်ငန်းများဖြစ်သော၊ ရေစီးရေလာကောင်းမွန်စေရန် မြောင်းများ တူးဖော်ခြင်း၊ ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သာသနာ့ရိပ်သာရပ်ကွက်ရှိရန် အခြေခံ ပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊

မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင် လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင် လူဦးရေစာရင်း  တိုက်ဆိုင်စစ်ဆေးခြင်း ဌာမဆိုက်အဖွဲ့ (၈)ဖွဲ့ဖြင့် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက လူဝင်မှူကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းဝင်းသိန်းဦးနှင့် အဖွဲ့မှ လွှာဝကျေးရွာသို့ ကွင်းဆင်း၍ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။

သဘာဝမြေဩဇာပြုလုပ်ခြင်း၊ တောင်သူအကျိုးပြုပညာပေး Talk Show ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ညောင်ဦးမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စီစီမြိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သူဇာစိုး(ဦးစီးအရာရှိ)တို့မှ ယမန်နေ့က သဘာဝ မြေဩဇာပြုလုပ်ခြင်း၊ တောင်သူပညာပေး Online Talk Show ရိုက်ကူးထုတ်လွှင့်ခြင်း အစီအစဉ်အား ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ် မိဘပြည်သူများအား တပ်မတော်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌   ဗုဒ္ဓဘာသာဝင်များ၏  ဝါတွင်းကာလတွင်ကောင်းမှု ကုသိုလ်ပြုလုပ်သည့်အနေဖြင့်   နယ်မြေခံတပ်မှ တပ်မတော်ဆေးကုသရေးအဖွဲ့သည် ယမန်နေ့နေ့လည်က အမှတ်(၄)ရပ်ကွက်၊ မဇ္ဈိမရာမ ပရိယတ္တိစာသင်တိုက် (ကျောင်းကန်)ဘုန်းတော်ကြီးကျောင်းတွင် အခြေပြုကာ ရဟန်းရှင်လူ မိဘပြည်သူများအား   ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

မိုင်းဖြတ်၌ ဝက်များတွင်ဖြစ်ပွားတတ်သော အာဖရိကအပြင်းဖျား ဝက်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဝက်များတွင်ဖြစ်ပွားတတ်သော အာဖရိကအပြင်းဖျား ဝက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဆွပ်ပလောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း

လှည်းကူးမြို့နယ်၊ ဘိုးရင်ကလေးကျေးရွာအုပ်စု၌ စပါးပျိုးခင်းနှင့်စပါးကြဲခင်းများတွင် ရွှေခရု ကျရောက် ဖျက်ဆီးခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ဘိုးရင်ကလေးကျေးရွာအုပ်စုရှိ စပါးပျိုးခင်းများ၊ စပါးကြဲခင်းများနှင့် လယ်ကွင်းများပေါ်တွင် ရွှေခရုကျရောက် ဖျက်ဆီးခြင်းရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ချောက်မြို့မ​စျေးအတွင်း အစား​​အသောက်နှင့် မုန့်မျိုးစုံ ရောင်းချသော ဆိုင်များအား မကွေးတိုင်း​ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ကွင်းဆင်း စစ်​ဆေး

မ​ကွေးတိုင်း​ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ​ဒေါက်တာစိုင်းမင်းသူထွန်း ဦး​ဆောင်​​သောအဖွဲ့သည်​ ယမန်နေ့က ချောက်ခရိုင်၊​ ချောက်မြို့ နယ်၊ မြို့မ​စျေးအတွင်း အစား​​အသောက်နှင့် မုန့်မျိုးစုံရောင်းချသော ဆိုင်များအား​ ကွင်းဆင်း စစ်ဆေး၍ ကောင်းမွန်​သောကျင့်စဉ်နှင့်အညီ​ ရောင်းချခြင်းရှိ၊ မရှိ စစ်​ဆေးခဲ့သည်။
Subscribe to