မောက်မယ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ ကျင်းပ

မောက်မယ် ဇူလိုင် ၁၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ဌာနဆိုင်ရာဝန်ထမ်းများ၊ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ တိုးတက်မြင့်မားစေရန်၊ ကွန်ပျူတာနှင့်ပတ်သက်သည့် အသိပညာများဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ ကွန်ပျူတာကို အခြေခံမှစ၍ တတ်သိနားလည်စေရန် ရည်ရွယ်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ကွန်ပျူတာနည်းပြဆရာ ဦးကျော်သက်ဝင်းက ကွန်ပျူတာသင်တန်းတက်ရောက်မည့် ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များအား သင်ကြားပေးမည့်ဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာလက်ကွက် (Mavis Beacon Plantinum)၊ မြန်မာစာလက်ကွက်(Pyidaungsu)၊ ဖိတ်စာ/ လိပ်စာကတ် CV Forn ပြုလုပ်နည်း၊ Microsoft Power Point၊ Microsoft Word၊ Microsoft Excel စသည်တို့ကိုသင်ကြားပေးမည်ဖြစ်ရာ သင်တန်းကာလအား(၁)လ ကြာမြင့်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ထိုသင်တန်းသို့ သင်တန်းသား/သင်တန်းသူ(၄၅)ဦးတက်ရောက် သင်ယူကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)