မဟာအောင်မြေမြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြသခြင်းကို ယမန်းနေ့မွန်းလွဲ ၂ နာရီအချိန်က မဟာအောင်မြေမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

လေဖြတ်လေငန်းရောဂါနှင့် တိုင်းရင်းဆေးပညာအသိပညာပေး Talk Show ပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်နေပြည်သူများ အသိပညာဗဟုသုတများ တိုးပွားရရှိစေရေးအတွက် အစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းစီစဉ်ပြုလုပ်သည့် “ လေငန်းလေဖြတ်ရောဂါနှင့် တိုင်းရင်းဆေးပညာ”အကြောင်း အသိပညာပေး Talk Show ကို ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန( Community Center) ခန်းမတွင် ပြုလုပ်ခဲ့သည်။

မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်း (၅)နာရီ အချိန်၌ ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းစံလောင်က ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် အ-ထ-က(၁၉) နှင့် အလက(၁၈)၌ ထိုးနှံပေး

ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Phase-11) ကို အခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ယမန်နေ့ နံနက် (၉) နာရီမှ စတင်၍ အ-ထ-က(၁၉)နှင့် အ.လ.က(၁၈)ထခွဲ တို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို အသိပညာပေး Talk Show ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာရေးအတွက် ဇာတ်တိုက် လေ့ကျင့်ခြင်းကို မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ကြီးကြပ်ပြီး ယမန်နေ့မွန်းလွဲပိုင်းက ရန်အောင်မြင်ရပ်ကွက်၊ ရန်အောင်မြင်ဘုရားကြီးကွင်းအတွင်း၌ ပြုလုပ်ခဲ့သည်။

ပင်းတယမြို့၊ စေတီကြီးပရိယတ္တိစာသင်တိုက်မှ သံဃာတော်အပါး( ၁၀၉) ပါးအား ဝါဆိုသင်္ကန်းဝါဆိုပန်းများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ စေတီကြီးပရိယတ္တိ စာသင်တိုက်၌ ဝါဆိုဝါကပ်တော်မူကြမည့်သံဃာတော်(၁၀၉)ပါးတို့အား ဝါဆိုသင်္ကန်း ဝါဆိုပန်းများ ဆက်ကပ်လှူဒါန်းပွဲကို

အောင်မြေသာစံမြို့နယ်၊ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

(၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့အကြောင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများနှင့် လွတ်လပ်ရေးကြိုးပမ်းခဲ့ပုံများကို သိရှိနိုင်စေရန် ရည်ရွယ်သည့် အသိပညာပေးဟောပြောပွဲကို အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်ရှိ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း၊ မြန္ဒာခန်းမဆောင်တွင်ပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်နှင့် ဝန်ထမ်းများ၊  အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စမ်းတင့်နှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် အခြေခံပညာကျောင်း ကျောင်းသား/သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်မထိုးနှံရသူများနှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉:၀၀)နာရီကစ၍ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်းတို့၌ စုရပ်(၃)နေရာသတ်မှတ်၍ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်တွင် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်း ညှိနှိုင်းစည်းဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to