မိုင်းခုတ် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ဇင်မီမီထွန်းက အသိပညာပေး(Talk Show)ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုဆွေးနွေးပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက အာဇာနည်၏အဓိပ္ပာယ်၊ မြန်မာတစ်မျိုးသားလုံးလွတ်လပ်ရေးရရှိရေး၊ အများပြည်သူကောင်းစားရေးအတွက် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ကြသော မြန်မာ့မျိုးချစ်ပုဂ္ဂိုလ်ကြီးများအနက် ထင်ရှားသောအာဇာနည်ပုဂ္ဂိုလ်(၉)ဦး လုပ်ကြံခံရမှုအအခြေအနေများ၊ လုပ်ကြံခံရသဖြင့် ကျဆုံးခဲ့ရသော ဇူလိုင်လ(၁၉)ရက်နေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်ကာ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ အကျင့်စာရိတ္တ၊ သတ္တိနှင့်တကွ စံထားအတုယူထိုက်သော ပရဟိတစိတ်ဓာတ်များကို လေးစာဂုဏ်ပြုသောအားဖြင့် အာဇာနည်နေ့အခမ်းအနားပွဲတော်များကို နှစ်စဉ်ကျင်းပသင့်ကြောင်းနှင့် အာဇာနည်နေ့ကို မမေ့သင့်ကြောင်းစသည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ကို အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ ဖွင့်လှစ်ထားသည့် We Love Mong Khoke Facebook Page တွင် လွှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)