မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင် လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးခြင်း ဆောင်ရွက်

မင်းတုန်း ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင် လူဦးရေစာရင်း  တိုက်ဆိုင်စစ်ဆေးခြင်း ဌာမဆိုက်အဖွဲ့ ()ဖွဲ့ဖြင့် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက လူဝင်မှူကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းဝင်းသိန်းဦးနှင့် အဖွဲ့မှ လွှာဝကျေးရွာသို့ ကွင်းဆင်း၍ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် လူဝင်မှူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းဝင်းသိန်းဦးက နိုင်ငံသားစိစစ်ရေးကဒ် လဲလှယ်၊ မိတ္တူ၊ အသစ်ပြုလုပ်ခြင်းနှင့် အိမ်ထောင်စုဇယား တိုး၊ လျော့၊ ပြောင်းဝင်၊ ပြောင်းထွက်ခြင်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အထောက်အထားများ ရှင်းလင်းဆွေးနွေးခဲ့ပြီး ယမန်နေ့အထိ မြေပြင်လူဦးရေစာရင်းကို ထွေအုပ်၊ လဝက၊ ကော်မရှင်တို့နှင့် တိုက်ဆိုင်စစ်ဆေးခြင်း ၆၃.၇၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)