လှည်းကူးမြို့နယ်၊ ဘိုးရင်ကလေးကျေးရွာအုပ်စု၌ စပါးပျိုးခင်းနှင့်စပါးကြဲခင်းများတွင် ရွှေခရု ကျရောက် ဖျက်ဆီးခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

လှည်းကူး ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်လှည်းကူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ဘိုးရင်ကလေးကျေးရွာအုပ်စုရှိ စပါးပျိုးခင်းများ၊ စပါးကြဲခင်းများနှင့် လယ်ကွင်းများပေါ်တွင် ရွှေခရုကျရောက် ဖျက်ဆီးခြင်းရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို လှည်းကူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာမှ ဒုတိယဦးစီးမှူး၊ ဒုလက်ထောက်ဦးစီးမှူးနှင့် ဝန်ထမ်းများက လယ်ကွင်းများအတွင်းရှိ စပါးပျိုးခင်းများ၊ စပါးကြဲခင်းများပေါ်တွင် ရွှေခရုကျရောက်ခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်းနှင့် ရွှေခရုများ ကျရောက်ပါက ဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာပေးခြင်း၊ ရွှေခရုကာကွယ်‌ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို တောင်သူများအား ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရှိရသည်

အေးအေးနွဲ့