ကျိုက်ထိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ပူးပေါင်း၍ အသိပညာပေး ဟောပြော

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီးအဆင့် မြို့နယ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုဖလားနှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် ကော့သောင်းမြို့ပြေးခုန်ပစ်အဖွဲ့အား ကြိုဆိုဂုဏ်ပြု

တနင်္သာရီတိုင်းဒေသကြီး၊ မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ကော့သောင်းမြို့နယ် ပြေးခုန်ပစ်အဖွဲ့အားကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပညာရေးမှူးရုံး၊ ပညာဂုဏ်ရည်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

(၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်း ညှိနှိုင်းစည်းဝေးသန်လျင်၌ကျင်းပ

၂၃ ကြိမ်မြောက် အဆို၊ အက၊ အရေးအတီးပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

ကျိုင်းလပ်မြို့၌ ရေဆင်း (၁)စပ်မျိုးနေကြာများကို ဝမ်တုံကျေးရွာတွင် စံပြကွက်ဖြင့်စိုက်ပျိုး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ နမ့်ခင်းကျေးရွာအုပ်စု၊ ဝမ်တုံ ကျေးရွာတောင်သူ ဦးအိုက်ရွက်၏ ယာမြေတွင် ဇူလိုင်လ ၈ ရက်နေ့က ရေဆင်း (၁)စပ်မျိုးနေကြာများကို

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုခြင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်

၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုခြင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။

ကလေးမြို့တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထု အခြေပြုဗဟိုဌာန (Community Center) တွင် ကလေးခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က (ညောင်ပင်သာ)၊ အ.ထ.က(သကြားစက်)နှင့် သကြားစက်ရုံဝန်ထမ်းများအား သွားရောက်ငှားရမ်း ပေးကြသည်။

ကော့သောင်းမြို့တွင် ကျွဲ၊ နွားအရေပြားအကျိတ်နာရောဂါ သတိပြုစရာ အသိပညာပေးကွင်းဆင်းဆောင်ရွက်

ကော့သောင်းခရိုင်နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျွဲနွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အသိပညာရရှိစေရန်ရည်ရွယ်၍ ကျွဲ၊ နွားအရေပြားအကျိတ်နာရောဂါ သတိပြုစရာ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေး လုံခြုံရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စတင်၍ အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း)၊ သော်ကဆောင်ခန်းမ၌ ကျင်းပကြသည်။
Subscribe to