သာယာဝတီ ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ စတိုးဆိုင်များတွင် စျေးရောင်းချသူ ပြည်သူများ အစားအသောက် ဘေးကင်းလုံခြုံရေးအတွက် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ယင်းသို့ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာ ဦးစီးဌာနမှဦးစီးမှူး ဒေါ်အေးသန္တာထွန်းနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက မုန့်စျေးတန်းရောင်းချနေသည့် စျေးဆိုင်ခန်းများတွင် ရောင်းချလျက်ရှိသော အစားအသောက်များအား ကုန်ညွှန်းအမှတ်အသားများနှင့်အညီ ရောင်းချခြင်း ရှိ၊ မရှိ ကျန်းမာရေးနှင့်ညီညွတ်သော လတ်ဆတ်သည့် အစားအစာများ ရောင်းချခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေးပြီး သတ်မှတ်ထားသော ကုန်ညွှန်းအမှတ်အသားပါသည့် အစားအသောက်များ ရောင်းချရန် အသိပညာပေး ပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်