ကွန်ဟိန်း ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဓါတ်ပုံပြခန်းနှင့် စာအုပ်ပြပွဲအား ယနေ့မွန်းလွဲ (၁၂:၃၀)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း မှတ်တမ်းများ၊ သုတ၊ ရသစာအုပ်၊ စာစောင်များအား ပြသထားပါသည်။ ပြပွဲအား အများပြည်သူ ဗဟုသုတများရရှိစေရန်၊ စာပေဖတ်ရှုမှု တိုးပွါးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင်များမှ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု့ကြကြောင်း သိရှိရပါသည်။
ထွေးခိုင်(ကွန်ဟိန်း)