ဝိုင်းမော်မြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ဝိုင်းမော် ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ဝိုင်းမော်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ရတနာမြတ်သုံးပါး နှင့် ကြွရောက်လာကြသော ဆရာတော်ကြီးများအား “ဩကာသ” ကန်တော့ချိုးဖြင့် ကန်တော့ကြသည်။
ဆက်လက်၍ အောင်ချမ်းသာကျောင်းတိုက်မှ မြို့နယ်နာယကသံဃာ့အဖွဲ့ဝင် ဦးဝေပုလ္လဆရာတော် မြတ်ကြီးထံ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများမှ ရွတ်ဖတ်ပူဇော်ကြ သည့် မေတ္တာသုတ်ပရိတ်တရားတော်အား နာယူတော်မူကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌​ဇော်မင်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲ များနှင့် ဖိတ်ကြားထားသော ဧည့်တော်များမှ ဝါဆိုသင်္ကန်များနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဌတု” ဟု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ဖြူစင်