မဟာအောင်မြေမြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ 

မဟာအောင်မြေ ဇူလိုင် ၁၄

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ဇူလိုင် (၁၉) ရက်နေ့၌ ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က မဟာအောင်မြေမြို့နယ် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို မဟာအောင်မြေမြို့နယ် အမှတ်(၁၂) အ.ထ.က(ခွဲ)ကျောင်းမှ  အလယ်တန်းပြဆရာမ ဒေါ်‌မေသက်က အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံအပေါ် ကြိုးစားဆောင်ရွက်ခဲ့မှုများ၊ ဝမ်းနည်းဖွယ် အထိမ်းအမှတ်တစ်ခုဖြစ်သော အာဇာနည်နေ့သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများ သိရှိရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်များအား အမြဲအမှတ်ရ လေးစားနေစေရန် စသည့်‌အကြောင်းအရာများ ဟောပြောခဲ့ပြီး‌နောက် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများ ဆက်လက်ကျင်းပပေးခဲ့ပြီး ဆုရကျောင်းသား/သူများအား ကျောင်းအုပ် ဆရာမကြီး ဒေါ်သင်းသင်းရီက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

အောင်ဇော်မင်း