မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေအကျိုးကျေးဇူး အသိပညာပေး ဟောပြောပွဲပြုလုပ်

မန်တုံ ဇူလိုင်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ကျောင်းသားလူငယ်များ စာပေအကျိုးကျေးဇူးကိုသိရှိ၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က စာပေအကျိုးကျေးဇူး  အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ စာပေအကျိုးကျေးဇူး ဟောပြောပွဲ၌ ဒုတိယဦးစီးမှူးဒေါ်လွေးအေးတင်က “အလိမ္မာစာမှာရှိ” ဆိုသည့် အတိုင်းစာပေသည် ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးစလုံးကို ယဉ်ကျေးသိမ်မွေ့စေရန် သွန်သင်ဆုံးမပေးနိုင်ကြောင်း၊ “စာအုပ်စာပေလူ့မိတ်ဆွေ”ဆိုသည့် တိုင်းစာအုပ်စာပေသည် လူတို့အတွက် မိတ်ဆွေကောင်းဖြစ်ကြောင်း၊ စာပေသည်ဆင်းရဲချမ်းသာ လူ့အလွှာအတန်းအစားမရွေး လမ်းညွှန်မှုများပေးကြောင်း၊ “မှတ်သားဖွယ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊အိမ်တွင်ဖတ်”ဟူသည့် စကားအတိုင်း စာကိုမပြတ် ရှာဖွေဖတ်သင့်ပါကြောင်း၊ ယနေ့ကျောင်းများ တွင်လူငယ်များ စာပေလေ့လာတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန် ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ စာကြည့်တိုက်တွင်သုတ၊ ရသစာအုပ်မျိုးစုံထားရှိပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ ဖတ်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ စာရေးဆရာကြီး ပီမိုးနင်းက  “စိတ်ကို အသိဉာဏကအုပ်စိုး၏။ အသိဉာဏ်ကိုဗဟုသုတကအုပ်စိုး၏။ ဗဟုသုတကိုစာပေကအုပ်စိုး၏။ ”ဟုရေးသားခဲ့ပါကြောင်းဖြင့် စာပေအကျိုးကျေးဇူးများကို  ဟောပြောခဲ့ရာ အခြေခံအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူ(၃၂)ဦး တက်ရောက်ခဲ့သည်။

မန်တုံ(ပြန်/ဆက်)