မွေးမြူရေးနှင့်ကုသရေးဦးစီးဌာမှ ကျွဲ၊ နွားအရေပြား၊ အကျိတ်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်သတ္တပါတ်လှုပ်ရှားမှုအဖြစ် ကျွဲ၊ နွားအရေပြား၊ အကျိတ်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၈)နာရီက ဘက်ရဲမြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။