သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာရေးပြိုင်ပွဲကျင်းပ

သပိတ်ကျင်း ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်းပွဲနှင့် ကဗျာရေးပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား/သူလေးများမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် စာစီစာကုံးပြိုင်ပွဲတွင် “အာဇာနည့်နေ့တို့မမေ့” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်(၁၂)ဦး၊ အလယ်တန်းအဆင့် (၂၅)ဦးနှင့် မူလတန်းအဆင့်(၂၁)ဦး၊ ကဗျာရေးပြိုင်ပွဲတွင် “(၁၉)ဇူလိုင်မမေ့နိုင်ခေါင်းစဉ်” ဖြင့် အထက်တန်းအဆင့်(၁၁)ဦး၊ အလယ်တန်းအဆင့်(၄)ဦးနှင့် မူလတန်းအဆင့်(၁၆)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ကျောင်းသား/သူ စုစုပေါင်း(၈၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာစန်းနှင့် ဆရာ/ဆရာမများမှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

(၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား/သူများအား ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)