အောင်မြေသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

အောင်မြေသာစံ    ဇူလိုင်   ၁၅

မန္တလေးအောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရာ မြို့နယ် စာရေးဆရာအသင်းမှ အဖွဲ့ဝင် ဦးဆန်းဦး"မင်းလပြည့်"(ဟားခါး)၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်၊ ဒုတိယဦးစီးမှူး ဒေါ်တင့်တင့်ရွှေနှင့် ဝန်ထမ်းများ စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့သည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်စံပယ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စာရေး ဆရာအသင်းမှ အဖွဲ့ဝင် ဦးဆန်းဦး" မင်းလပြည့်"(ဟားခါး)ကမိုး ယံထက်ကအလှပန်းများနှင့် အခြားဝတ္ထုတိုများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြား၍ စာပေချစ်မြတ်နိုးသူများက သိလိုသည်များပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)