ဗိုလ်တထောင် ဇူလိုင် ၁၅
ရန်ကုန်ရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ဃန်း ဆပ်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်က ဗိုလ်တထောင်မြို့နယ်(၁၀)ရပ်ကွက်၊ ပညာရာမိက မဟာ(A) ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ထိုသို့စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရာတွင် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဓန္တသီလဝံသထံမှ ငါးပါးအတွင်းရှိ ကျောင်းတိုက်များမှ ကျောင်းထိုင်ဆရာတော်များ၊ ပင့်သံဃာတော်များအား ဝါဆိုသင်္ဃန်းများ၊ လှူဖွယ်ပစ္စည်းများ ၊ဝတ္ထုငွေများနှင့် ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
ဝါဆိုသင်္ကန်းဆက်ကပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သိန်းသိန်းရ(ဗိုလ်တထောင်)