ညောင်ဦး ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်ပြီး ၇၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်ပြပွဲ၊ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)က ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့အကြောင်းသိကောင်းစရာများနှင့် ဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး တိုင်းကျိုးပြည်ပြုဖွံ့ဖြိုးတိုးတက်ရေး၊ ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအကြောင်း ဟောပြောခြင်းနှင့်အစည်းအဝေးတွင် မသမာသူလူတစ်စုက လုပ်ကြံခဲ့ခြင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများ၊ အတွင်းဝန်တို့ ကျဆုံးခဲ့ရခြင်းများကိုဟောပြောသည်။ ဆက်လက်ပြီး ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ နံရံကပ်စာစောင်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ဗိုလ်ချုပ်ပုံတူ ပန်းချီဆွဲပြိုင်ပွဲ၊ စကားပုံ ဆက်ပြိုင်ပွဲများကျင်းပခဲ့ပြီး ဆုရရှိသည့်ကျောင်း သားကျောင်းသူများအား ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုများပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများအား ဗလာစာအုပ်၊ဘောပင်၊ခဲတံ၊ ပေတံတို့ကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရပြီး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ များသို့ ညောင်ဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများဝင် ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ကိုကြေးမုံ