သပိတ်ကျင်း ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက ၂၀၂၂-ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်နေ့ အကြောင်းသိမှတ်ဖွယ်ရာများ Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် သိမှတ်ဖွယ်ရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဒုတိယဦးစီးမှူးဒေါ်ဖြိုးမမနှင့် မြို့နယ် Youth Club အဖွဲ့ဝင် ဦးဖြိုးကျော်ကျော်တို့က ကျဆုံးသွားခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦးနှင့် ပတ်သက်သည့် အတ္ထုပ္ပတ္တိများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်၊ ကျောင်းသား/ကျောင်းသူ ကလေးများ အသိပညာနှင့် ဗဟုသုတတိုးပွားရေးအတွေ့အကြုံနှင့် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရေးအတွက် ဟောပြောပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြိုနယ်(ပြန်/ဆက်)