လမ်းမတော် ဇူလိုင် ၁၅
လမ်းမတော်မြို့နယ်တွင် စာဖတ်ဝိုင်းကို ယမန်နေ့နေ့လည်(၂) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဦးအောင်ဇော်ထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ လူငယ်လူရွယ်များ အသိပညာတိုးပွားလာစေရန် ရည်ရွယ်၍၊ ဆရာသန်းဝင်းလှိုင်ရေးသားသည့် အာဇာနည်နေ့ (သို့မဟုတ်) မြန်မာ့သမိုင်းတွင် မမေ့သင့်သော နေ့တစ်နေ့ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ လွတ်လပ်ရေး၏ အနှစ်သာရကို သိရှိပြီး မိမိနိုင်ငံကို ချစ်မြတ်နိုး ထိမ်းသိမ်းစောင့်ရှောက်ကြရန် တာဝန်ရှိကြောင်း၊ စသဖြင့် ဆွေးနွေးခဲ့ ကြသည်။ ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် လူငယ်၊ လူရွယ်များအား အာဇာနည်ခေါင်းဆောင် တစ်ဦးချင်းအကြောင်းကို ဖတ်ပြဆွေးနွေးခဲ့ကြပြီး၊ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြရာ၊ မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်