မြိတ် ဇူလိုင် ၁၅
၂၀၂၁ခုနှစ် အစိုးရဓမ္မာစရိယ၊ နိကာယ်(၅)ရပ်နှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် မြိတ်စာဖြေဌာနမှ အောင်မြင်ခဲ့သည့် စာအောင်သံဃာ တော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်(၁)ဦးတို့အား စာအောင်လက်မှတ်နှင့် စာအောင် အလှူတော်ငွေဆက်ကပ်လှူဒါန်းပွဲကို မြို့ကျက်သ ရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်၌ ယနေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
အစိုးရဓမ္မာစရိယ၊ နိကာယ်(၅)ရပ်နှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် မြိတ်စာဖြေဌာနမှ ဓမ္မာစရိ ယ(၁)ပါး၊ နိကယ်(၂)ပါး၊ ပထမကြီးတန်း (၁)ပါး၊ ပထမလတ်တန်း(၅)ပါး၊ ပထမငယ်တန်း(၈)ပါး၊ အခြေပြုမူလတန်းတွင် သံဃာတော်(၂၉)ပါး၊ သီလရှင်(၁၆)ပါး၊ လူပုဂ္ဂိုလ်(၁)ဦးတို့ အောင်မြင်ခဲ့ ကြကြောင်း ခရိုင်သာသနာရေးဦးစီးဌာနမှ သိရသည်။
စာအောင်ဆုနှင်းသဘင်ကို ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်၊ သီလရှင်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ လာသန လှည်းဘီးကျောင်းတိုက် ဆရာတော်ထံမှ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဆရာတော်ကြီးများ၊ စာအောင်ကျောင်းတိုက် အသီးသီးရှိ စာချဆရာတော်နှင့် သီလရှင်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆု အလှူတော်ငွေများ၊ စာအောင်သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား အောက်လက်မှတ်နှင့် စာအောင်ဆုအလှူတော်ငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလ ကန်သာကျောင်း တိုက်ဆရာတော်ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူခဲ့ကြ၍ ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြပြီး စာအောင်ဆုနှင်းသဘင်ကို ဗုဒ္ဓသာသနစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်း လိုက်ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)