ကျိုင်းတုံ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပသည်။
ဟောပြောပွဲတွင် ကျိုင်းတုံတက္ကသိုလ်၊ သမိုင်းဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာနွယ်နွယ်အောင်က သမိုင်းထဲမှ အာဇာနည်နေ့ခေါင်းစဉ်ဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပတ္ထိနှင့် အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို ဟောပြောပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)