ဝက်လက်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ စာစီစာကုံး ပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၈ နာရီ ချိန်က စတင်၍ ၇၅ နှစ်မြောက်  အာဇာနည်နေ့  စာစီစာကုံးပြိုင်ပွဲ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

မယ်စဲ့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အာစီဘုန်းတော်ကြီးနှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိနှိုင်းဆွေးနွေး

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တောင်ပိုင်းရပ်ကွက်ရှိ အာစီဘုန်းတော်ကြီးကျောင်းရှိ ဘုန်းတော်ကြီးဒေးဖဲနှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ယနေ့နံနက် ၁၁ နာရီက အာစီဘုန်းတော်ကြီးကျောင်း၌ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂) ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေး

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို (ဒုတိယအကြိမ်)စတင် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီအချိန်တွင် လိန်ကုန်း အခြေခံပညာမူလတန်းကျောင်း၊ သိမ်ချောင်းအခြေခံပညာ မူလတန်းကျောင်း၊ မြကျွန်းသာ အခြေခံပညာမူတန်းကျောင်းများရှိ ကျောင်းသား/သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံ

မြန်မာနိုင်ငံသို့ ပြည်ပမှပြန်လာသူများတွင် (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.4 နှင့် BA.5 တွေ့ရှိခဲ့သဖြင့် မိမိတို့မြို့နယ်အတွင်းသို့ အဆိုပါရောဂါများ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ကယားပြည်နယ်၊  မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြိုနယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ ယနေ့၊ မွန်းလွဲပိုင်းက (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ကျင်းပ ပြုလုပ်ခဲ့သည်။

အမ်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက  အထွေထွေအုပ်ချုပဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ် ၂၀ ရပ်ကွက်၌ (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့ နံနက်(၁၁)နာရီ က လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်၂၀ ရပ်ကွက်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့က လက်ဝယ်အရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၏ (၆၆) ကြိမ်‌မြောက် စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌  မုံရွာမြို့နယ် စာရေးဆရာများနှင့် မြို့နယ်  စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်းပြီး (၆၆)ကြိမ်မြောက် စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည် ။
Subscribe to