ကျောက်တန်း ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျောက်တန်းမြို့နယ် မီးသတ်စခန်းရှိ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များ၊ ယာဉ်/စက်များ အသင့်စုဖွဲ့ထားရှိမှုကို ယမန်နေ့နံနက် ၈နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးအောင်ကျော်ဝင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များက မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အချိန်နှင့် တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များ ရှင်းလင်းရေးလုပ်ငန်းများ၊ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိသူများအား ကူညီရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ၊ NGO များဖြင့် နေ့/ည အချိန်မရွေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်